



၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးနှင့် သမီး မအိအိန္ဒြာဇော် တို့သည် မအိအိန္ဒြာဇော် ၂၉နှစ်ပြည့် မွေးနေ့အလှူအဖြစ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ (ခုတင်-၅၀၀) သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာ အာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ အချဉ်ရည်ဟင်းတို့ကို အလှူရှင်မိသားစုက လက်ရောက်ပေးဝေလှူဒါန်းခဲ့ပြီးနောက် မွေးနေ့ရှင်မှ ဆေးရုံတက်ရောက်နေသော ချို့တဲ့လူနာရှင်(၁)ဦးကို ဆေးဝါးအတွက်အလှူငွေ(၃၀,၀၀၀)ကျပ် လှူဒါန်းပေးခဲ့ပါသည်။
အာဟာရဒါနလှူဒါန်းခြင်း