




၂၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင် များသည် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များအတွက် ကျောင်းထိုင်ဆရာတော်ထံ နဝကမ္မဝတ္ထူငွေ(၂၀၀,၀၀၀)ကျပ်နှင့် သင်္ကန်းခြင်း၊ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာ ဘုရားစာအုပ်များ၊ ရှူလိမ်းဆေးများ၊ သွားတိုက်ဆေးများ၊ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များ၊ အသင်းဗလာစာအုပ်နှင့် အသင်းပြက္ခဒိန်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုပစ္စည်းတန်ဖိုးငွေ(၇၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။
ထောက်ပံ့လှူဒါန်းခြင်း