



၁၃.၃.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၄ ဦးသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာလေး ၁ ပါး စုစုပေါင်း ၂၃ ပါးအား တစ်ပါးလျှင် ဝတ္ထုငွေ ၁၅၀၀၀ ကျပ်စီ၊ ကြာဇံထုတ်နှင့် သွားတိုက်ဆေးများ စုစုပေါင်းတန်ဖိုးငွေ ၄၆၆,၉၀၀ ကျပ်အား ဒါနကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။
ဆက်ကပ်လှူဒါန်းခြင်း