သင်တန်းဖွင့်လှစ်ခြင်း

၁၅.၃.၂၅ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်း၊ ရုံးချုပ်၌ ကျင်းပပြုလုပ်သော အဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skill)Pre-Intermediate Level သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုဥက္ကဌ ဒေါ်စုညွန့်ဦး၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၁၂)မှ ကျောင်းဆရာ/ဆရာမများ၊ သင်တန်းသား ၄၅ ဦးနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြပြီး  ဒုဥက္ကဌ ဒေါ်စုညွန့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အတွင်းရေးမှူးက သင်တန်းစည်းမျဉ်း/ စည်းကမ်းများ ပြောကြားခဲ့ပြီး သင်တန်းဆရာ ဉီးမင်းစိုးသူရကလည်း သင်တန်းသားများအား သင်တန်းနှင့် ပတ်သက်၍  အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း
%d bloggers like this: