သင်တန်းဖွင့်လှစ်ခြင်း

 ၁၇.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့ပေါ်ရှိ အ.ထ.က (၁၀)တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ(၈၀)ဦးတက်ရောက်ကြပါသည်။ သင်တန်းတက်ရောက်လာသော  ကျောင်းသား/သူများအား မန်ကျည်းဖျော်ရည်၊ ကျောက်ကျောအအေးများနှင့် သကြားလုံးများလှူဒါန်းခဲ့ပြီး ယဉ်ကျေးလိမ္မာစာအုပ်များအား ကျောင်းအုပ်ကြီးထံပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား တိုင်းအသင်းဥက္ကဌ ဒေါ်ခင်ဝတ်ရည် က ယဉ်ကျေးလိမ္မာသင်တန်းကို သင်ကြားပို့ချပေးခဲ့ပါသည်။ စုစုပေါင်းကုန်ကျစရိတ် ၂၅၀,၀၀၀ ကျပ်ဖြစ်ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း
%d bloggers like this: