



၂၂.၃.၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ နှင့် အသင်းဝင် ၅ ဦးသည် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် ဘိုဘွားရိပ်သာရှိ အဘိုး ၁၂ ဦး၊ အဘွား ၁၉ ဦး၊ စုစုပေါင်း ၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်ပေးခဲ့ကာ အဘိုး/အဘွားများအား စားသောက်ဖွယ်ရာများ ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ဆေးဝါးကုသစောင့်ရှောက်မှု့စုစုပေါင်းကုန်ကျငွေ ၃၇၀,၀၀၀ ကျပ်ဖြစ်ပါသည်။
ကျန်းမာရေးစောင့်ရှောက်ပေးခြင်း