




၂၃.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်တင်စိန်နှင့် အဖွဲ့ဝင် ၁၀ ဦးသည် သန်လျင်မြို့၊ ခေမာရာမသီလရှင်စာသင်တိုက်ရှိ သီလရှင် ၃၈၀ ပါးအတွက် နဝကမ္မအလှူငွေ ၄၀၀,၀၀၀ ကျပ်၊ သီလရှင်ဝတ်စုံ၊ အပ်ချည်လုံး၊ ဆီ၊ အသင့်စားငါးကြော်၊ အမွှေးတိုင်၊ ဆပ်ပြာနှင့် လစဉ်သုံးများ သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၂,၁၂၃,၇၅၀ ကျပ် လှူဒါန်းခဲ့ပါသည်။
ဆက်ကပ်လှူဒါန်းခြင်း