



၈.၄.၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်များက နေပြည်တော် ကယ်ဆယ်ရေးစခန်းများရှိ ငလျင်ဒဏ်ခံရသော ဝန်ထမ်းမိသားစု ၃၆၀ စု၊ လူဦးရေ(ကျား) ၃၈၅ ဦး၊ (မ) ၃၇၂ ဦးအား ငါးနီတူကြော်၊ ငပိချက်၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ရေသန့်ဗူးစသည့် စားသောက်ဖွယ်ရာများအား သွားရောက်ကူညီလှူဒါန်းပေးရင်း အားပေးစကားများပြောကြားခဲ့ပါသည်။ လှူဒါန်းမှုမှာ ၅၃၀,၀၀၀/-ကျပ်ဖြစ်ပါသည်။
ကူညီထောက်ပံ့လှူဒါန်းခြင်း