ဆက်ကပ်လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်‌နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမ ပရိယတ္တိသီလရှင် စာသင်တိုက်သို့သွားရောက်ကာ ကျောင်းထိုင်ဆရာကြီးအားဖူးမျှော်၍ ငလျင်ဒဏ်‌ကြောင့်ပျက်စီးခဲ့သည့် မုခ်ဦးနှင့် အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန်အတွက်အလှူငွေ ၁၂ သိန်းကျပ်နှင့် ဆီ ၁၁ ပိဿာ လှူဒါန်းပြီးနောက် အသင်းဗဟိုအလုပ်အမှုဆောင် မိသားစုက ကျောင်းရှိသီလရှင်ဆရာလေး ၇၀ ပါးအတွက် ရေခဲထုပ်များကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ လတ်တလောကျောင်းတွင် သုံးရေအတွက် အခက်အခဲဖြစ်နေ ကြောင်းသိရှိရ၍ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့မှ ဂါလံ ၂၀၀၀ ဆံ့ ရေကား ၂ စီးဖြင့် ရေများ ပေးပို့လှူဒါန်းခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း
%d bloggers like this: