ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် မိသားစုဝင်များ ထိခိုက်မှုများနှင့်အသက်ဆုံးရှုံးခဲ့ရသည့် အသင်းဝင် ၂ ဦး ထံသွားရောက်၍ တစ်ဦးလျှင် ၅ သိန်းကျပ်စီ ကူညီ‌ထောက်ပံ့ပေးကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ လွှတ်တော်ရုံးဝန်းအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများအား လုပ်အားပေးကူညီဆောင်ရွက်နေကြသော တပ်မတော်သားများကို ခေါက်ဆွဲကြော်အထုပ် ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး ဗဟိုအသင်းမှ ရုံးဝန်ထမ်း ၆ ဦးကိုလည်း သွားရောက်ပြီး ခေါက်ဆွဲကြော်များလှူဒါန်းကာ အားပေးစကားပြောကြားခဲ့ပါသည်။ လှူဒါန်းငွေ ၁,၅၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: