








၂၅.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကြီးမှူး၍ဖွင့်လှစ်သော အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Pre- Intermediate Level သင်တန်းဆင်းပွဲအခမ်းအနားအား ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) မှ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဥတ္တရသီရိမြို့နယ် ပညာရေးမှူး၊ ဒုပညာရေးမှူးနှင့် အ.ထ.က(၁၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနား၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦးက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဥတ္တရသီမြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်အုန်းဆန်းကလည်း အမှာစကားပြောကြားပြီးနောက် သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရက အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် သင်တန်းတွင် တက်ရောက်ခဲ့ကြသော ကျောင်းသား/သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ဆုရရှိကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် (MWCDF)အသင်း ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦးမှ ပထမဆုရှင်အား ဆုချီးမြှင့်ခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းမှ ဒုတိယဆုရှင်အား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆရာဦးမင်းစိုးသူရမှ တတိယဆုရှင်အား ဆုချီးမြှင့်ခြင်း၊ အ.ထ.က(၁၂)ကျောင်းအုပ်ဆရာမကြီးနှင့် (MWCDF)အသင်း ဗဟိုအလုပ်အမှုဆောင်များမှ ထူးချွန်ဆု(၇)ဆုနှင့် နှစ်သိမ့်ဆု(၅)ဆုရရှိသူများအား အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားခဲ့ကြပါသည်။ အသင်းဒုဥက္ကဌ ဒေါ်စုညွန့်ဦးက သင်တန်းနည်းပြ ဆရာနှင့်ဆရာမတို့အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးအပ်ပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့အား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထိုနောက် တက်ရောက်လာသောတာဝန်ရှိသူများနှင့် ကျောင်းသား/သူများ အမှတ်တရဓါတ်ပုံရိုက်ကူးပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။