ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ တိုင်းအဖွဲ့ဝင်များသည် ပဲခူးမြို့ ၊ ဇိုင်းတောင်ဝင်္ဂဘာလမ်း၊ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်မိသားစုများ၏ သား/သမီးများအား ပညာဆက်လက် သင်ကြားစေလိုသည့် ရည်ရွယ်ချက်များနှင့် ဇိုင်းတောင် မူလွန်ကျောင်း၊ အ.ထ.က( ၄ ) တို့တွင် မူလတန်းကျောင်းသား/သူများနှင့် အထက်တန်းကျောင်းသား/သူများအား ကျောင်းအပ်နှံပေးခြင်း၊ ကျောင်းဝတ်စုံ၊ အပိုဝတ်စုံများ၊ ကျောပိုးအိတ်၊ ထီး၊ ဆွဲခြင်း၊ ထမင်းဘူး၊ စာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ကွန်ပါဗူး၊ ရေဗူးတို့ကို ကျောင်းသား/သူ ၁၂ ဦးအား ပညာ‌ရေးထောက်ပံ့မှု‌အ‌နေဖြင့် ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှု  ၁၀ သိန်းကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: