အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များစုပေါင်း၍ ငလျင်ဒဏ်ကြောင့် ဒက္ခိဏသီရိမြို့နယ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ကလေးအထူးကု‌ဆေးရုံကြီးယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ပြီးနောက် ဆေးရုံတွင် ဆေးဝါးကုသခံယူနေသော ကလေးလူနာများနှင့် ဆေးရုံဝန်ထမ်းအားလုံးအတွက် နံနက်စာ- ဆန်ပြုတ်၊ နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ပုဇွန်ခြောက်ကြော်၊ ကြက်ဥပြုတ်၊ ပဲဟင်း နှင့် ညနေစာ ထမင်းနှင့် ဟင်းတို့ကို တစ်နေ့တာအာဟာရ လှူဒါန်းခြင်း၊ ကလေးလူနာများအား ထောက်ပံ့ငွေနှင့် ခေါက်ဆွဲ‌ခြောက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ဘီစကစ်မုန့်ထုပ်များ လက်ရောက်ပေးဝေ လှူဒါန်းခဲ့ကြပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း
%d bloggers like this: