ထောက်ပံ့လှူဒါန်းခြင်း

၂၄.၆.၂၀၂၅ ရက်‌နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးတို့သည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်အတွင်းရှိ မသန်စွမ်း ၃ ဦး၊ ရပ်ကွက်မှစောင့်ရှောက်ထားသော အဘိုး/အဘွား ၃ ဦး ၊ ဖခင်မဲ့ နွမ်းပါးမိခင်  ၄ ဦးတို့အား တစ်ဦးလျှင် ဆန်(၂) ပြည်၊ ကြက်သွန်(၁)ပိဿာ၊ ဆား(၂) ထုပ်၊ ကြက်ဥ(၁၀)လုံးနှင့် ငွေသား ၁၀၀၀၀/-ကျပ်စီကို အိမ်တိုင်ယာရောက် သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။ နွမ်းပါးစျေးသည် ၁ ဦးအားလည်း ၁၀၀၀၀/- ကျပ် ထောက်ပံ့ပေးခဲ့ပါသည်။ စုစုပေါင်းထောက်ပံ့လှူဒါန်းငွေ ၃၂၀၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: