အခမ်းအနားတက်ရောက်ခြင်း

( ၃. ၇. ၂၀၂၅ )ရက်နေ့တွင် နံနက် (၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်(၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဌ ဒေါ်ကေသီအောင် အား ၂၀၂၅ခုနှစ် အမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်ဆုနှင့် လူမှုထူးချွန်ဆု ရရှိသောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း
%d bloggers like this: