အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့သည် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးငယ်လေးများက ရှမ်းအကဖြင့်ဖျော်‌ဖြေ တင်ဆက်ကပြခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခံရခြင်းနှင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အတွင်းရေးမှူး ဒေါ်မိုးသီတာသိန်း သည်လည်း လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း
%d bloggers like this: