အသင်းသားအသစ်လက်ခံခြင်း

၁၀.၈.၂၅ ရက်နေ့တွင် ညနေ ၅ နာရီအချိန်တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အိစုကျော် သည် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအား ပြန်လည်ဖွဲ့စည်းခဲ့ကာ အဖွဲ့ဝင်အသစ်များအား ကြိုဆိုခြင်း၊ အဖွဲ့ဝင်ဟောင်းများအား အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့ဝင်များအား အသင်း၏ရည်ရွယ်ချက်၊ ဆောင်ပုဒ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် အသင်းလုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့ပါသည်။ ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအတွက် ဥက္ကဌ ဒေါ်အိစုကျော် က အလှူငွေ ၁၀ သိန်း၊ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွှန့် က အလှူငွေ ၅ သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အသင်းသားအသစ်လက်ခံခြင်း
%d bloggers like this: