

၂၂.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော (၃၁)ကြိမ်မြောက် ပခုက္ကူဦးအုန်းဖေ တည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပွဲသို့တက်ရောက်၍ ဒေါက်တာ နန္ဒာမွှန်းရေးသားထားသော “ သတင်းစာထဲကဆောင်းပါးများ၊ ဆောင်းပါးများထဲကသတင်းများ” စာအုပ်ဖြင့် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်စာအုပ်ဆုကို လက်ခံရရှိခဲ့ပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်း အုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း (၁၃)ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။








