



၂၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး တို့သည် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th ASEAN Ministerial Meeting on Social Welfare and Development – AMMSWD and Related Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်ရှိ M – Gallery Hotel ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အကြိမ် (၂၀)မြောက် အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများဖိုရမ် (20th ASEAN GO-NGO Forum )ကို ညနေ ၁၇၀၀နာရီအထိ ဆက်လက်ကျင်းပခဲ့ပါသည်။








