


၄.၉.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နာယက ဒေါက်တာဝေဝေသာ ၊ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ အသင်းဗဟိုရုံးခန်းတွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်နှင့် အလုပ်အမှုဆောင်များအား ရင်းရင်းနှီးနှီးလက်ခံတွေ့ဆုံ၍ အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရန်ရှောင်ရန်ရှိသည်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များအား ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် ရန်ကုန်တိုင်း အလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန် က ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအတွက် ငွေကျပ် (၅၀) သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။








