

၉.၉.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မိမိစိုးနှင့် အလုပ်အမှုဆောင် ၂ ဦးသည် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းပိုင် ရုံးခန်းသို့သွားရောက်၍ အစည်းအဝေးခန်းပြုလုပ်နိုင်ရန် ပြင်ဆင်ခဲ့ကြပါသည်။ ထို့နောက် အသင်းဝင်အသစ် ၂ ဦးအား တွေ့ဆုံ၍ အသင်းစည်းမျဉ်း/စည်းကမ်း၊ ညွှန်ကြားချက်များအား ဥက္ကဌ ဒေါ်တင်စိန်က ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဝတ်စုံနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့ပါသည်။
အသင်းသားအသစ်လက်ခံခြင်း








