အခမ်းအနားတက်ရောက်ခြင်း

၉.၉.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နှင့် International Ledership College (ILC) တို့သည် အမှတ် ၂၉၃၊ ငုဝါလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ  ILC ကျောင်းတွင် ပညာရေးမိတ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပညာရေးမိတ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်းက တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။ ILC အနေဖြင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၊ အသေးစားအငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း (MSME)၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)တို့နှင့် ပညာရေးမိတ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အသင်းဝင်များ၏ ပညာရေးအတွက် သင်တန်းများတက်ရောက်လိုပါက အထူးသက်သာသောနှုန်းထားဖြင့် ဆောင်ရွက်ပေးမည်ဟုသိရှိရပါသည်။

အခမ်းအနားတက်ရောက်ခြင်း
%d bloggers like this: