




၁၈.၉.၂၀၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်သူဇာဝေ၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်နီလာအေး၊ ဗဟိုအလုပ် အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ခုတင်-၅၀ ဆံ့ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသော ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည်တော်)ယာယီဆေးရုံသို့သွားရောက်၍ အသင်းမှ လှူဒါန်းသော ကလေးလူနာများ/လူနာစောင့်များအတွက် နံနက်စာ ကြက်သားဆန်ပြုတ်၊ နေ့လည်စာ ကြက်သားကြော်၊ ကြက်ဥပြုတ်၊ ငါးခြောက် ကြော်၊ သီးစုံပဲဟင်းတို့ကို အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ထို့နောက် ကလေးလူနာ ၆၂ ဦး အတွက် ဒုဥက္ကဌ ဒေါ်သူဇာဝေ မိသားစုက လှူဒါန်းသော ကော်ဖီမစ် အထုပ်(ကြီး) ၁၀ ထုပ်၊ ခေါက်ဆွဲခြောက် ၁၈၀ ထုပ်၊ နို့မှုန့် ၁၈၀ ထုပ်၊ မွေးနေ့ရှင် ဦးမြတ်မင်းနှင့် ဒေါ်သဲဖြူဇင်(အလုပ်အမှုဆောင်) မိသားစုက လှူဒါန်းသော ဘီစကစ် ၅၅ ထုပ်တို့အား လက်ရောက်ပေးအပ်လှူဒါန်းခဲ့ပြီး အသင်း၏အလုပ်အမှုဆောင် ဒေါက်တာမွန်မွန်ထက်က ကလေးလူနာတစ်ဦးအတွက် ၂၀၀၀၀/-ကျပ် ဆေးကုသစရိတ်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း ၇၄၉၀၀၀/-ကျပ် လှူဒါန်းနိုင်ခဲ့ပါသည်။








