အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၈.၉.၂၀၂၅ ရက်နေ့ နံနက် ၁၁၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဒုဥက္ကဌ ဒေါ်သူဇာဝေ၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်နီလာအေး၊ ဗဟိုအလုပ် အမှုဆောင်များနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး(နေပြည်တော်) ယာယီဆေးရုံသို့သွားရောက်၍ မွေးနေ့အလှူရှင်  ဦးမြတ်မင်းနှင့် ဒေါ်သဲဖြူဇင်(အသင်းအလုပ်အမှုဆောင်) မိသားစုက လှူဒါန်းသော  လူနာများ၊ လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများ စုစုပေါင်း ၉၂ ဦးအတွက်  နေ့လည်စာ ကြက်သားဟင်း၊ ချဉ်ရည်ဟင်း၊ ထမင်းတို့အား အာဟာရဒါနကျွေးမွေး လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဒုဥက္ကဌ ဒေါ်သူဇာဝေနှင့် အလုပ်အမှုဆောင် ဒေါ်သဲဖြူဇင် တို့က မီးဖွားလူနာများအား အမျိုးသမီးဝတ်လုံချည် ၄၅ ထည်အားလှူဒါန်းခြင်း၊ အသင်းနှင့် ဗဟိုအလုပ်အမှုဆောင်များက စုပေါင်းအလှူအနေဖြင့် ရမည်းသင်းမြို့နယ်၊ လက်ဆယ်ကန်ရွာမှ နေပြည်တော်သို့လာရောက်မွေးဖွားသော ၃ မြွှာပူးမိခင်နှင့် ကလေးများအား ၃၁၀၀၀၀/-ကျပ်၊ လယ်ဝေးမြို့နယ်၊ မြို့ကုန်းရွာမှ ၂ မြွှာပူးမိခင်နှင့်ကလေးများအား  ၂၇၅၀၀၀/-ကျပ် ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်း ၁၁၂၇၅၀၀ /-ကျပ် လှူဒါန်းနိုင်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း
%d bloggers like this: