ထောက်ပံ့လှူဒါန်းခြင်း

၁၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် နှင့် အသင်းဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ အ.ထ.က (ဆီဆိုင်)မှ တတိယတန်းကျောင်းသား/သူ ၈၀ ဦးအား အသင်း၏ ဗလာစာအုပ်နှင့် စာရေးကိရိယာများထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆီဆိုင်မြို့နယ်၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပေးပို့ထားသော ကလေးကစားစရာပစ္စည်းစုံဗူးများအား သွားရောက်လှူဒါန်းကာ အာဟာရအကြောင်း ကလေးများအားရှင်းပြခြင်း၊ ကစားစရာအရုပ်များမဲဖောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: