



၂၉.၉.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်အိစုကျော်သည် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရွှေတောင်လမ်းရှိ ဒေါ်ချိုမာ ၏နေအိမ်ခြံဝန်းရှေ့တွင် မွေးကင်းစကလေးငယ်တစ်ဦး(မ)အား ၂၈.၉.၂၀၂၅ ရက်နေ့ ညဘက်တွင် လာရောက်စွန့်ပစ်ထားသဖြင့် ၎င်းနေအိမ်တွင် ရေဘေးကြောင့်ယာယီရောက်ရှိတည်းခိုနေသူ နန်းခင်သန္တာထွေး (ဘ) စိုင်းဘသန်း က နို့မှုန့်တိုက်ကျွေးကာစောင့်ရှောက်ထားကြောင်းသိရှိရသဖြင့် ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းရီနှင့် အလုပ်အမှုဆောင်များကို စေလွှတ်၍ သွားရောက်ကြည့်ရှုစေခဲ့ပြီး ကလေးအတွက် လိုအပ်သောအနှီး(ဖြူ)၊ အနှီး(ဖလံထည်)၊ နို့မှုန့်၊ နို့ဗူး၊ တစ်ရှူး၊ ကလေးသေးခံများအား ဝယ်ယူထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကလေးငယ်အား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ ကျန်းမာရေးဆေးစစ်ခြင်း၊ ဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့ကာ အကူသူနာပြုတစ်ဦး ငှားရမ်းပေးခဲ့ပါသည်။ နန်းခင်သန္တာထွေး (ဘ)စိုင်းဘသန်းက ကလေးအပေါ် သံယောဇဉ်ဖြစ်နေသဖြင့် ဆက်လက်မွေးမြူသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ ဆက်လက်အကြောင်းကြားပေးခဲ့ပါသည်။ လှူဒါန်းထောက်ပံ့ငွေမှာ ၃၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။








