



၂၈.၉.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အသင်းဝင် ၂ ဦးတို့သည် စက်တင်ဘာလလှူဒါန်းမှုအဖြစ် ရွှေကျင်တိုက်မကြီးကျောင်းတွင် ဆရာတော်ကြီး၏ စောင့်ရှောက်မှုဖြင့်ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုး(အ.ထ.က)မှ တိုက်ပွဲရှောင် ကျောင်းသား/သူ ၁၁၂ ဦးအတွက် စာရေးကိရိယာများနှင့် ဆီချက်ခေါက်ဆွဲထုတ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ၅ ဦးကိုလည်း ဆုငွေနှင့် စာရေးကိရိယာများချီးမြှင့်ခဲ့ပါသည်။ လှူဒါန်းငွေစုစုပေါင်း ၃၁၃,၀၀၀/-ကျပ်ဖြစ်ပါသည်။
ထောက်ပံ့လှူဒါန်းခြင်း








