


၅.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အခါသမယ၌ လယ်ဝေးမြို့၊ ဧလာတိဏ္ဏစေတီတော်မြတ်ကြီးမှာ ဗုဒ္ဓရုပ်ပွါးတော် ၁၀၈ ဆူ တန်ဖိုး ၈၁၀၀၀၀/-ကျပ် ၊ ရေစေတီအကြီးတစ်ဆူ ရေသန့် ၁၀၈ ကဒ် တန်ဖိုး ၄၅၃၆၀၀/-ကျပ်၊ ပန်းတစ်သောင်း + သစ်သီးတစ်သောင်း + ဆီမီးတစ်သောင်းအတွက် အလှူငွေကျပ် နှစ်သိန်း၊ ဆရာတော်နဝကမ္မ အလှူငွေကျပ်တစ်သိန်း စုစုပေါင်းအလှူငွေကျပ် ၁၅၆၃၆၀၀/-ကျပ်(တစ်ဆယ့်ငါးသိန်း ခြောက်သောင်းသုံးထောင့်ခြောက်ရာကျပ်) တိတိကို စုပေါင်းလှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားတက်ရောက်ခြင်း








