




၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ခုတင်-၅၀ ဆံ့ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသော ကလေးရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်)ယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ ဆေးပဒေသာအတွက် အသင်းဥက္ကဌ၊ ဘဏ္ဍာရေးမှူးတို့မှ အလှူငွေ ၂၀၀,၀၀၀/-ကျပ်လှူဒါန်းခြင်း၊ အတွင်းရေးမှူးမှ ဘုရားစာအုပ်များ၊ ဘုရားပုံတော်များနှင့် လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများလှူဒါန်းခြင်း၊ အသင်းဗဟိုအလုပ်အမှုဆောင်များမှ ဆေးကုသမှုခံယူနေသော ကလေးလူနာများအတွက် ထောက်ပံ့ငွေ ၁,၃၈၀,၀၀၀/-ကျပ် လှူဒါန်းခြင်း၊ နံနက်စာအာဟာရအဖြစ် ကလေးလူနာ ဦးရေ (၆၉)ဦး အတွက် သီးစုံကြက်သားဆန်ပြုတ်၊ နေ့လည်စာအာဟာရအဖြစ် ထမင်း၊ ကြက်သားအာလူးဟင်း၊ ကုလားပဲနှပ် နှင့် ချဉ်ရည်ဟင်း စသည့်တန်ဖိုးသင့် ၂၅၀,၀၀၀/-ကျပ် လှူဒါန်းကျွေးမွေးခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်း ၁,၈၃၀,၀၀၀/-ကျပ် ဖြစ်ပါသည်။








