




မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ (အဌမအကြိမ်) စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် ၅ ပါးပင့်ဖိတ်ပြီး ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ MWCDF ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂)၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အသင်းရုံးဝန်ထမ်းများက ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားနာယူခြင်း၊ ကထိန်ညှပ်ကြီးသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။








