ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသမီးရေးရာ (တွဲဖက်)သီလရှင်သင်မူလတန်းကျောင်းသို့ သွားရောက်၍ KG တန်းနှင့် G-5 တန်း အထိ ဆရာလေးများနှင့် ပြင်ပကျောင်းသား/သူ ၄၀ ဦးအတွက် စာရေးကိရိယာများ၊ မုန့်နှင့် တံမြက်စည်းများလှူဒါန်းခဲ့ပြီး အလှူရှင်တစ်ဦးမှလည်း ကျောင်းသားတစ်ဦးလျှင် ၁,၀၀၀/-ကျပ်နှုန်းစီပေးဝေလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း
%d bloggers like this: