


မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ တပ်မတော်ဆေးရုံ(နန်းတွင်း)ရှိ ဆေးကုသမှုခံယူနေသော စစ်သည်များ၊ အမျိုးသမီးများ၊ ကလေးလူနာများအား နေ့လည်စာ ထမင်း၊ ကြက်သားအာလူး၊ သီးစုံပဲကုလားဟင်းနှင့် ငပိချက်တို့ဖြင့် ကျွေးမွေးလှူဒါန်းခြင်း၊ လူနာတစ်ဦးလျှင် ၅၀၀၀/-နှုန်းနှင့် မုန့် များလှူဒါန်းပေးဝေခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၈၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။
ထောက်ပံ့လှူဒါန်းခြင်း








