တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၅.၁၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဗဟိုရုံးချုပ်၌ မြန်မာနိုင်ငံ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)၊ Full Moon Family Foundation တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြရာ MWCDF အသင်းဒုဥက္ကဌမှ အသင်း၏ရှေ့ဆက်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA) နှင့် Full Moon Family Foundation တို့မှ အသင်းအတွက် အလှူငွေသိန်း(၆၀) ကျပ် ပေးအပ်လှူဒါန်းရာ MWCDF အသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များက လက်ခံရယူပြီး အသင်းပြက္ခဒိန်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးခြင်း
%d bloggers like this: