အသိပညာပေးဟောပြောခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူး၍ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ အခြေခံပညာအလယ်တန်း (ခွဲ)၊ ရွာသစ်ကျောင်းတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအကြမ်းဖက်မူပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမူအထိမ်းအမှတ်အနေဖြင့် တက်ရောက်လာသော ကျောင်းသား/သူ (၂၅၀)ဦးကို အသင်း ဥက္ကဌဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး အမျိုးသား စာပေဆု)မှ အသိပညာပေးဟောပြောမှုများဟောပြောခဲ့ပြီး ကျောင်းသား/သူများကို အပြန်အလှန်မေးခွန်း များဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထံ အသင်းပြ က္ခဒိန်၊ ကလေးစာပေသုတ၊ ရသ၊ စာအုပ်များပေးအပ်ခြင်း၊ ကျောင်းသား/သူများကို အသင်းဗလာစာအုပ် များနှင့် လက်ကမ်းစာစောင်များပေးဝေပြီး အာဟာရအဖြစ် အုန်းနို့သာဂူများတိုက်ကျွေးခဲ့ကြပါသည်။

အသိပညာပေးဟောပြောခြင်း
%d bloggers like this: