အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၅.၁၂.၂၀၂၅ ရက်နေ့ (၁၀၃၀)အချိန်တွင်  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကလေးရောဂါ အထူးကုဆေးရုံကြီးသို့သွားရောက်၍ ဆေးကုသခံယူနေသော ကလေးလူနာ (၇၁)ဦးအတွက် အသင်းမှ နေ့လည်စာအာဟာရအဖြစ် ထမင်း၊ ငါးဖယ်ဟင်း၊ ကြက်ဥပြုတ် နှင့် ဘူးသီးဟင်းရည်တို့ကို လက်ရောက်ပေးဝေလှူဒါန်းပြီး၊ အသင်း ဥက္ကဌ မှလည်း မြေပဲယို၊ နှမ်းယိုမုန့်နှင့် မရွေးမုန့်များကိုလည်း ပေးဝေလှူဒါန်းခဲ့ကြပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း
%d bloggers like this: