အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၅.၁၂.၂၀၂၅ ရက်နေ့ (၁၁၀၀) အချိန်တွင်  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီး ယပ်အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သို့သွားရောက်၍ မီးဖွားမိခင် (၇၀)ဦးအတွက် ဗဟိုအလုပ်အမှုဆောင် ဒေါ်မီမီအေးမိသားစုမှ နေ့လည်စာအာဟာရအဖြစ် ထမင်း၊ ကြက်သားဟင်း၊ အချဉ်ရည်ဟင်းတို့ကို လက်ရောက်ပေးဝေလှူဒါန်းပြီး၊ အသင်း ဥက္ကဌ မှလည်း မြေပဲယို၊ နှမ်းယိုမုန့်နှင့် မရွေးမုန့်များ ပေးဝေလှူဒါန်းခဲ့ကြပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း
%d bloggers like this: