







မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နယာက၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ CEC များနှင့် ပြည်နယ်/တိုင်းများမှ ဥက္ကဌနှင့် အဖွဲ့ဝင်များစုပေါင်း၍ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တပေါင်းကွင်းမှ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ ၁၂.၁.၂၀၂၆ ရက်နေ့တွင်သွားရောက်၍ မီးဘေးသင့်အိမ်ထောင်စု ၆၂ စုအား တစ်အိမ်ထောင်လျှင် ၁၀၀,၀၀၀/-ကျပ်၊ ခေါက်ဆွဲခြောက်ထုပ်များ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးစခန်း၌ တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ (ထွေအုပ်၊ ကျန်းမာရေး၊ ရဲ၊ မီးသတ်၊ စည်ပင်၊ ရ.ဝ.တ၊ စေတနာ့ဝန်ထမ်း)အဖွဲ့ ၄၇ ဦးအား ထောက်ပံ့ငွေနှင့် အသင်းပြက္ခဒိန်များ၊ လက်ကမ်းစာစောင်များ ပေးဝေလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၈,၂၃၅,၀၀၀/-ကျပ် ဖြစ်ပါသည်။








