၃၁.၁၂.၂၀၁၆
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ CECများနှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ သဲကျွန်းကျေးရွာ၊ ရတနာစံပြကျောင်းတိုက် “ အမှတ်(၅)ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပြီး ကျောင်းထိုင် ဆရာတော်အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
၎င်းအခမ်းအနားတွင် မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ MWCDFအသင်း၏လှူဒါန်းမှုများတွင် ရတနာစံပြကျောင်းတိုက်၌ လှူဒါန်းပေးထားသည့်မှတ်တမ်းများတွေ့ရှိရသည့်အတွက် MWCDFအသင်း၏ လုပ်ငန်းစဉ်များနှင့် ကူညီလှူဒါန်းနေမှုများအား မေးမြန်းရာ MWCDF အသင်း တွဲဘက်အတွင်းရေးမှူးမှ MWCDFအသင်း၏ ” လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ လိုအပ်နေသောဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် ကူညီအထောက်ပံ့ပေးနေမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် ရတနာစံပြကျောင်းတွင် မိမိတို့အသင်းမှ ပညာရေးလှူဒါန်းမှုအနေဖြင့် စာသင်ကျောင်းဆောင်များ၊ သန့်စင်ခန်းများ၊ စာရေးကိရိယာများ လှူဒါန်းထားသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြဝတီရုပ်သံမှ (ဘ.က)ကျောင်းများ ထောက်ပံ့ပေးမှုနှင့် ဓမ္မစကူးကျောင်းများဖွင့်လှစ်သင်ကြားပေးနေမှုများတွင် အသင်းမှထောက်ပံ့ပေးနေမှုများကို MWCDF အသင်းမှ CECတစ်ဦးအား မေးမြန်းရာတွင် “ MWCDF အသင်းသည် ပညာရေး ကူညီလှူဒါန်းမှုလုပ်ငန်းစဉ်ထဲမှ တစ်ခုဖြစ်သည့် နေပြည်တော်အတွင်းရှိ (ဘ.က)ကျောင်းများတွင် သွားရောက်လှူဒါန်းခြင်း၊ သီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းပေးခြင်းများသာမက အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း လှူဒါန်းပေးလျက်ရှိကြောင်းနှင့် MWCDF အသင်းသည် လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသော Volunteer အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းတို့မှ အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဓမ္မစကူးကျောင်းများဖွင့်လှစ်သင်ကြားပေးခြင်းသည် ကျောင်းသား /သူများအတွက် အလွန်ကောင်းမွန်ပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့်လည်း ဓမ္မစကူးကျောင်းများကို ထိထိရောက်ရောက်ပံ့ပိုးပေးသင့်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် တက်စွမ်းသလောက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း” ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ရတနာစံပြကျောင်းတိုက် “ အမှတ်(၅)ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းလွန်ကျောင်းဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခြင်း