၁၅.၆.၂၀၁ရနေ့
MWCDFအသင်း၏ လုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ပညာရေးကူညီထောက်ပံ့ လှူဒါန်းမှုအနေဖြင့် နှစ်စဉ်လှူဒါန်းလျက်ရှိသော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမေတ္တာစံ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတစာသင်ကျောင်းရှိ ကျောင်းသား/သူ(၄၇၀)ဦးအတွက် ဗလာစာအုပ်၊ ခဲတံ၊ fedwell ထုပ် စသည်တို့ကို အသင်းCECများမှ သွားရောက်လှူဒါန်းခဲ့ပါသည်။
ထိုနောက် အသင်းမှ လှူဒါန်းထားသော အမျိုးသမီးအိပ်ဆောင်အတွင်းတွင် နေထိုက်လျက်ရှိသော ကျောင်းသူများအား သွားရောက်ကြည့်ရှုခဲ့ကြပါသည်။
အေးမေတ္တာစံပရဟိတကျောင်းသို့သွားရောက်လှူဒါန်းခြင်း