မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ၂၀၁ရခု နှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ (၁၅းဝ၀)နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနရုံးသို့သွားရောက်၍ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀)ပျက်ကျမှုတွင်ပါဝင်သော အရာရှိ၊ စစ်သည်မိသားစုများ၊ လေယာဉ်ဝန်ထမ်းများနှင့် ကျန်ရစ်သူမိသားစုများအား ထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် အလှူငွေ-(၃၀)သိန်းကျပ်အား အသင်းဥက္ကဋ္ဌနှင့်CECများမှ လာရောက်ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းမှ လက်ခံရယူခဲ့ပါသည်။
တနင်္သာရီတိုင်းတွင်ပျက်ကျခဲ့သော (Y-8)အတွက်အလှူငွေပေးအပ်ခြင်း