(၂၉.၁၁.၂၀၁၇)ရက်နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း အဆောက်အဦး၏ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခြင်း
အခမ်းအနားပထမပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာမှ အမှာစကားပြောကြားခြင်းနှင့် ရုံးအဆောက်အဦး ဆောက်လုပ်လှူဒါန်းသော Myanmar First Financial Group Co.,Ltd မှ ဥက္ကဋ္ဌ Mr. Duan Zhengli မှ အမှာစကားပြောကြားပြီးနောက် MWCDFအသင်းမှ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေအပ်ခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အဖြစ် အဆောက်အဦးဆောက်လုပ်မည့် ပန္နက်တင်မင်္ဂလာနေရာသို့သွားရောက်၍ ပန္နက်ရိုက်ခြင်း၊ ရွှေမိုး/ငွေမိုးကြဲခြင်း၊ အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့ကြပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

