(၇.၁၂.၂၀၁၇)နေ့၊ နံနက်(၀၉း၃၀)နာရီတွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ (အ.ထ.က)ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းနှင့်တွေ့ဆုံ၍ အသင်းမဂ္ဂဇင်း၊ အသင်းပြက္ခဒိန်၊ (၃၈)ဖြာမင်္ဂလာစာအုပ်နှင့် ကျောင်းသား/သူ(၈၅၀)ဦးအား စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံတို့အား လှူဒါန်းခဲ့ပါသည်။
မင်းကုန်း(အ.ထ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း