(၈.၁၂.၂၀၁၇)နေ့၊ နေ့လည်(၁၃း၁၀)နာရီတွင် “မြန်မာ့သဘာဝပတ်ဝန်းကျင်ချစ်သူပရဟိတ” ဒေါ်ယဉ်ယဉ်ထွန်း(Central President)အဖွဲ့မှ လာရောက်တွေ့ဆုံရာ အသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်CECများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်ထွန်းမှ သဘာဝပတ်ဝန်းကျင် စွန့်ပစ်ပစ္စည်းထိန်းသိမ်းရေးနှင့် မြန်မာအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် မြန်မာ့အိမ်တွင်းမှုပညာအကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံလုံးအနှံ့ Recycle သင်တန်းများဖွင့်လှစ် နေမှုများအား ရှင်းလင်းပြောကြားရာ MWCDFအသင်းမှလည်း အမျိုးသမီးများနှင့်ကလေးသူငယ်များ အတွက် လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
Myanmar Nature Lover အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခြင်း