၂၈.၁၂.၂၀၁၇
မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ နှစ်သစ်ဆုမွန်ကောင်းအစီအစဉ် ထုတ်လွှင့်ရန်ရည်ရွယ်၍ ရိုက်ကူးရေးအစီအစဉ်ပြုလုပ်လိုပါသဖြင့် MWCDF အသင်းသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။ MWCDF အသင်းဒုတိယဥက္ကဋ္ဌမှ အသင်း၏ကိုယ်စား ၂၀၁၈ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်စကား ပြောကြားပေးခဲ့ပါသည်။
* ဒုတိယဥက္ကဋ္ဌ၏ နှစ်သစ်မင်္ဂလာဆုမွန်လွှာ*
အခုဆိုရင် သက္ကရာဇ် ၂၀၁၇ကုန်ဆုံးပြီး ၂၀၁၈နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မှာပါ။ အခုလာမယ့်၂၀၁၈ခုနှစ်မှာလည်း MWCDFအသင်းရဲ့ နာယကကြီးနှင့်တကွCECများ၊ အသင်းအဖွဲ့ဝင် ညီမများအားလုံးက ပြည့်ဝသောနှလုံးသား၊ မွန်မြတ်သောစေတနာနှင့် စိတ်တူကိုယ်တူမိတ်ဖက် အသင်းအဖွဲ့အစည်းများနဲ့လက်တွဲပြီး အမျိုးသမီးနှင့်ကလေးများ ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ယခုထက်ပိုပြီး ကြိုစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့အသင်းရဲ့ “လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးနှင့်ကလေးများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအစရှိတဲ့ လူမှုဘဝအခြေအနေ တိုးတက်မြင့်မားစေမှုများကို အဓိကထားပြီး ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ နောက်ထပ်တစ်ခုကတော့ မြန်မာနိုင်ငံအတွင်းမှာရှိသော ကျွန်မတို့ရဲ့လုပ်ဆောင်မှုများကို စိတ်ဝင်စားသည့် မည်သည့်လူမှုရေးအဖွဲ့အစည်းမဆို ကျွန်မတို့အဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် အခုရောက်ရှိတော့မယ့် ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း… MWCDFအသင်းကြီးမှ ညီအစ်မများကိုယ်စား မေတ္တာရှေ့ထားပြီး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)ဒုတိယဥက္ကဋ္ဌမှ နှစ်သစ်မင်္ဂလာဆုမွန်ပြောကြားခြင်း