(၁၇.၁.၂၀၁၈)ရက်နေ့တွင် MWCDF အသင်းမှ CECများနှင့် မန္တလေးတိုင်းမှ အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ရှိ ကံတက်ကုန်းမစိုးရိမ်(ဘ.က)ကျောင်းခွဲ၊ ပညာပါရမီကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတွင်နေထိုင်ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများအတွက် အသင်းမှ စားသောက်ဖွယ်ရာများ၊ စာရေးကိရိယာများ၊ အနွေးထည်၊ အဝတ်အစားများ၊ အသင်းပြက္ခဒိန်များ၊ ကျန်းမာရေးဆေးအိတ်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ကံတက်ကုန်းမစိုးရိမ်(ဘ.က)ကျောင်းခွဲ၊ ပညာပါရမီကျောင်းတိုက်သို့သွားရောက်လှူဒါန်းခြင်း