မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ပွဲတော်ကွင်းအတွင်း၌ မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအဖွဲ့ကြီးမှ မတည်လှူဒါန်းကျင်းပသော ပထမအကြိမ် မဟာပရိတ်တော်၊ မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာတော်အပါး (၁၀,၀၀၀) မဟာသံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် MWCDFအသင်းနှင့် အလှူရှင်အသင်းCECအဖွဲ့ဝင်များစုပေါင်း၍ ဝတ္ထုငွေများ၊ သင်္ကန်းပရိက္ခရာ၊ ဆန်၊ ဖယောင်းတိုင်၊ ရှုဆေးဗူး၊ အသင်းဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပြက္ခဒိန်အစရှိသည့် လှူဘွယ်ပစ္စည်းများအား ကြွရောက်လာသော သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

မဟာပရိတ်တော်နှင့် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲနှင့် မဟာသံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: