ကချင်ပြည်နယ်၊ ယာယီတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့်CECများ၊ အဖွဲ့ဝင်များသည် (၃၁.၁.၂၀၁၈)နေ့တွင် ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ဖွင့်လှစ်ထားသော စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာ အိမ်ထောင်စု(၈၄)မှ လူဦးရေ(၄၆၆)ဦးတို့အား ဆန်အိတ်(၂၀)၊ ခေါက်ဆွဲခြောက်(၄၀)ဖါ၊ ငါးသေတ္တာ(၅)ဖါ၊ အားဖြည့်အာဟာရမှုန့်(၂၀)ဖါ၊ အဝတ်အထည်များ၊ အနွေးထည်များ၊ အရေးပေါ်သုံးဆေးအိတ်များလှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအတွက် စာရေးကိရိယာနှင့် ကလေးကစားစရာအရုပ်မျိုးစုံတို့ကို ထောက်ပံ့လှူဒါန်းရာ လီဆူးတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၏ဇနီးနှင့် ဒေသခံတိုင်းရင်းသားများက လက်ခံရယူခဲ့ပါသည်။
ထို့နောက် MWCDF အသင်းဥက္ကဋ္ဌမှ မိမိတို့အသင်းအနေဖြင့် အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ ဘဝမြှင့်တင်ရေးဆိုင်ရာ လိုအပ်ချက်ရှိသော အမျိုးသမီးနှင့်ကလေးများအား ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရည်တူအခွင့်အရေးရရှိစေရန် ရည်ရွယ်ချက်ချင်းတူညီသော ပြည်တွင်းပြည်ပ လူထုအခြေပြု အဖွဲ့အစည်းများနှင့်ပူးပေါင်းလျက် ဆောင်ရွက်ပေးနေကြောင်း၊ ယခုလာရောက်လှူဒါန်းမှုမှာလည်း နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ၊ အမျိုးသမီးနှင့်ကလေးများအား လိုအပ်သည့် အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးနှစ်သိမ့်ပေးခဲ့ပါသည်။
၎င်းနောက် အသင်းဥက္ကဋ္ဌနှင့်CECများ၊ အဖွဲ့ဝင်များသည် လီဆူးတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်၍ ကျောင်းသား/သူ(၅၂)ဦးအတွက် ဆန်(၅)အိတ်၊ စားသောက်ဖွယ်ရာများ၊ စာရေးကိရိယာများ၊ အဝတ်အထည်များအား ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ၀ိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံလျက်ရှိသော အိမ်ထောင်စု(၆၄)စုမှ လူဦးရေ(၄၄၄)ဦးအတွက် ဆန်(၂၅)အိတ်၊ ခေါက်ဆွဲခြောက်(၅၀)ဖါ၊ အဝတ်အထည်များ၊ အနွေးထည်များ၊ အရေးပေါ်သုံးဆေးအိတ်များနှင့် ကျောင်းသား/သူများအတွက် စာရေးကိရိယာများ၊ ကလေးကစားစရာအရုပ်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ကချင်ပြည်နယ်၊ ယာယီတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: