(၅.၂.၂၀၁၈)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးပြီး ပဲခူးမြို့ သီရိဟံသာခန်းမ၌ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Women Empowerment Workshop Training)တွင်
MWCDFအသင်း ဥက္ကဋ္ဌဒေါက်တာဝေဝေသာမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား (၅.၂.၂၀၁၈)မှ(၆.၂.၂၀၁၈)နေ့အထိ ဒေသခံအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၆၀)ဦးအား ဆွေးနွေးရာတွင် ပိုမိုထိရောက်မြန်ဆန်သော စီးပွားရေးဝန်းကျင်တစ်ခုကို ဖန်တီးနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ရန် ပြင်ဆင်နေသူများ၊ မိသားစုပိုင်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေသူများ၊ လူမှုရေးနှင့်ရပ်ကွက်လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူများ၊ စီးပွားရေး ပညာရပ်များ တတ်အောင်သင်ကြားနေသူ(သို့မဟုတ်) အောင်မြင်ထားသူများပါဝင်ကာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု၊ ငွေကြေးစီးဆင်းမှုနှင့် စျေးကွက်စီးပွားရေး၊ ငွေကြေးစီမံခန့်ခွဲမှုခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။