မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လုပ်ဆောင် လျက်ရှိသော လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ကျေးလက်ဒေသ ဆိုလာမီးလင်းရေးအတွက် (၈.၂.၂၀၁၈)နေ့တွင် အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မိုင်းလွန်ကျေးရွာ(အောက်၊ လယ်၊ ထက်) သုံးရွာမှ ရွာသူ/သားများနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ၊ Barefoot College သို့ ဆိုလာမီးလင်းရေး (Solar Engineering)သင်တန်း စေလွှတ်ရန်အတွက် သင်တန်းသူများကို ရွေးချယ်ခဲ့ကြပါသည်။
ကျေးလက်ဒေသ ဆိုလာမီးလင်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များ