(၂၁.၂.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဗဟိုမှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး၊ CECများနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) MWCDF အဖွဲ့ဝင်တို့သည် လားရှိုးမြို့ ၊ နားမခေါ်ကျေးရွာရှိ “အလင်းအိမ်မိဘမဲ့ကျောင်း”တွင် နေထိုင်ပညာသင်ယူလျက်ရှိသော ကလေးများအတွက် ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ အာဟာရပဲထုပ်(၁)သေတ္တာ၊ အနွေးထည်များ၊ ဆိုလာမီးအိမ်များ၊ ကျောင်းသုံးဗလာစာအုပ်(၂၀)ဒါဇင်နှင့် ကျောင်းရှိကလေးများ၏ (၁)ရက်စာ ထမင်း၊ဟင်း အာဟာရကျွေးမွေးစရိတ်အတွက် ငွေကျပ်(၂)သိန်းတိတိ ပါလှူဒါန်းပေးပြီး ကျောင်းသား/သူကလေးများအား ကျန်းမာရေးစစ်ဆေးပေးမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။
လားရှိုးမြို့၊ နားမခေါ်ကျေးရွာရှိ “အလင်းအိမ်မိဘမဲ့ကျောင်း” သို့သွားရောက်လှူဒါန်းခြင်း